Android OS ရဲ့ သမိုင်းကြောင်း (အပိုင်း - ၂) (Uni ဖြင့်ဖတ်ရန်)

Android OS ရဲ့ သမိုင်းကြောင်း (အပိုင်း - ၂) (Uni ဖြင့်ဖတ်ရန်)

by Myanmar Mobile Nations on Tuesday, June 5, 2012 at 1:08am ·
ဒီ Post ကို Myanmar Tutorial Website မှာလည်း ဖတ်နိုင်ပါတယ်



Android OS ရဲ့ သမိုင်းကြောင်း (အပိုင်း - ၁) ကို ဒီမှာ ဖတ်နိုင်ပါတယ်။


ဒီတစ်ခေါက် အပိုင်း – ၂ မှာတော့ Android OS များရဲ့ Version များအကြောင်းကို တင်ဆက်သွားပါမယ်။
Android ရဲ့ Beta Version ကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ Open Handset Alliance စတင်ဖွဲ့စည်းချိန်မှာ စတင်မိတ်ဆက် ပေးခဲ့ပြီး၊ သူ့ရဲ့ပထမဆုံး commercial version ဖြစ်တဲ့ Android 1.0 ကိုတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချီပေးခဲ့တာပါ။
Android 1.0 စတင်ဖြန့်ချီတဲ့ အချိန်ကစပြီး ၂၀၀၉ ခုနှစ် April လအထိ Android ကနေပြီး update တော်တော်များများ ဖြန့်ချီ ပေးခဲ့ပါသေးတယ်။
၂၀၀၉ ခုနှစ် April ကနေမှ စပြီး Android ဟာသူ့ရဲ့ Development တွေကို codename အဖြစ် အချိုပွဲ (Dessert/Sweet) နံမည်တွေကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း စတင်အသုံးပြုလာတာ အခုချိန်ထိ ပါပဲ။
လက်ရှိထွက်ရှိပြီးသား Android ရဲ့ အချိုပွဲတွေကတော့ Cupcake, Donut, Eclair, Froyo (FROzen YOugurt), Gingerbread, Honeycomb နဲ့ Ice Cream Sandwich တို့ပဲ ဖြစ်ပါတယ်။
ပထမပိုင်းမှာ Android ဟာ Astro, Bender စတာတွေကို သုံးဖို့ ရည်ရွယ်ခဲ့ပေမဲ့ Trademark ပြဿနာတွေကြောင့် အသုံးမပြူဖြစ်ခဲ့ပါဘူး။
အခုနောက်ဆုံး ထွက်ရှိထားတဲ့ Version ကတော့ Ice Cream Sandwich v4.0.4 ဖြစ်ပါတယ်။

အသေးစိတ်ကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။

Android Beta (2007)
Android Beta – November 05, 2007

Android 1.0 (2008)
Android 1.0 – September 23, 2008

Android 1.1 (2009)
Android 1.1 – February 09, 2009

Cupcake 1.5 (2009)
Cupcake 1.5 – April 30, 2009

Donut 1.6 (2009)
Donut 1.6 – September 15, 2009

Eclair 2.0 – 2.1 (2009 – 2010)
Eclair 2.0 – October 26, 2009
Eclair 2.0.1 – December 03, 2009
Eclair 2.1 – January 12, 2010

Froyo 2.2 – 2.2.3 (2010 – 2011)
Froyo 2.2 – May 20, 2010
Froyo 2.2.1 – January 18, 2011
Froyo 2.2.2 – January 22, 2011
Froyo 2.2.3 – November 21, 2011

Gingerbread 2.3 – 2.3.7 (2010 – 2011)
Gingerbread 2.3 – December 06, 2010
Gingerbread 2.3.3 – February 09, 2011
Gingerbread 2.3.4 – April 28, 2011
Gingerbread 2.3.5 – July 25, 2011
Gingerbread 2.3.6 – September 02, 2011
Gingerbread 2.3.7 – September 21, 2011

Honeycomb 3.0 – 3.2.6 (2011 – 2012)
Honeycomb 3.0 – February 22, 2011
Honeycomb 3.1 – May 10, 2011
Honeycomb 3.2 – July 15, 2011
Honeycomb 3.2.2 – August 30, 2011
Honeycomb 3.2.1 – September 20, 2011
Honeycomb 3.2.4 – December 2011
Honeycomb 3.2.6 – February 2012

Ice Cream Sandwich 4.0.1 – 4.0.4 (2011 – 2012)
Ice Cream Sandwich 4.0.1 – October 19, 2011
Ice Cream Sandwich 4.0.2 – November 28, 2011
Ice Cream Sandwich 4.0.3 – December 16, 2011
Ice Cream Sandwich 4.0.4 – March 29, 2012
Android ရဲ့နောက်ထွက်ရှိလာမဲ့ Version တွေကတော့ Jelly Bean (3rd Quarter of 2012) နဲ့ Key Lime Pie (2013) တို့ပဲဖြစ်ပါတယ်။
နောက်ပိုင်းမှာ Android Version တစ်ခုချင်းစီရဲ့ အရေးပါတဲ့ ပြောင်းလဲမှုနဲ့ အတူ ထင်ရှားတဲ့ Android Device များအကြောင်းကို တင်ဆက်ပေးသွား ပါဦးမယ်။
ကိုသက် (Myanmar Mobile Nations)
ကိုးကား - Wikipedia
Credits to Myanmar Mobile Nations

0 comments:

Post a Comment