Showing posts with label ကွန်ပျူတာ. Show all posts
Showing posts with label ကွန်ပျူတာ. Show all posts
Software တွေရဲ့ Serial Number တွေရှာမယ်

Software တွေရဲ့ Serial Number တွေရှာမယ်
Computer ထဲမှာ Software တွေ အများအပြား Install လုပ်ထားကြမှာပါ။ ဥပမာပေါ့ ... Window XP ကို Install ပြန်လုပ်ချင်တယ်ဆိုပါတော့၊ မိမိမှာ CD အခွေတော့ ရှိတယ်။ Serial Number တွေ မသိတော့ဘူး၊ မရှိတော့ဘူး၊ မမှတ်မိတော့ဘူး။ ဒါဆို အလွယ်လေးမှာ ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးနဲ့ ဖော်ထုတ်ကြည့်ပါ။ ပြီးရင် ကူးယူထားလိုက်ပါ။ Computer ထဲမှာ Install သွင်းထားသမျှ Software တိုင်းရဲ့ Serial Number တွေကို ပြန်လည် ကြည့်ရူနိုင်ပါတယ်။
Computer စက်ထဲ ထည့်သွင်းထားတဲ့ Hardware တွေရဲ့ Information များ စသဖြင့် Information များစွာကို ကြည့်ရှုနိုင်ပါတယ်။ Computer သုံးစွဲသူတိုင်း ဆောင်ထားသင့်တဲ့ Software ဖြစ်တဲ့အတွက် မရမက ရှာဖွေပြီး ဖော်ပြပေး လိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။
http://burmaitshare.blogspot.com
Drivers တွေ ရှာပေးမယ့် My Driver Program.
Drivers တွေ ရှာပေးမယ့် My Driver Program.
ကွန်ပျူတာထဲမှာ Driver တွေပျောက်နေတယ်။ Driver မရှိလို့ ဂိမ်းကစားမရဘူး။ ၀င်းဒိုးအသစ်တင်လိုက်တာ Driver တွေ ပျောက်သွားတယ်ဆိုသူတွေ အတွက်ပါ။ My Driver ဆိုတဲ့ Driver ရှာပေး တဲ့ ဆော့ဝဲလ်လေး တင်ပေးလိုက်ပါတယ်။ မိမိ ကွန်ပျူတာထဲ ဒေါင်းလော့လုပ်ပြီး Install လုပ် Drivers တွေကို ပြန်လည်ရယူနိုင်ပါစေ။ ဒေါင်းလော့ လုပ်မယ့်သူတွေအတွက် ဒီနေရာမှာ နှိပ်ပါ ပြီး ဒေါင်းလော့ လုပ်ယူနိုင်ပါတယ်ခင်ဗျား။ ဒေါင်းလော့လုပ်မယ်ဆိုရင် Read More ကို နှိပ်ပြီးမှ ဒေါင်းလော့လုပ်ယူနိုင်မှာပါ ခင်ဗျား...။
ကွန်ပျူတာကို အလိုအလျောက် ပိတ်စေချင်ရင်
ကွန်ပျူတာကို အလိုအလျောက် ပိတ်စေချင်ရင်
ကွန်ပျူတာကို မသုံးတော့ဘဲ အချိန်တွေမှာ အလိုအလျောက် ပိတ်ပစ်ဖို့ စဉ်းစားနေပါ သလား။ ညအချိန်တွေမှာ ဗိုင်းရပ်စ် စတင် ဖတ်နေတာပဲ ဖြစ်ဖြစ်၊ စီဒီ၊ ဒီဗွီဒီခုတ်နေတာပဲ ဖြစ်ဖြစ် မစောင့်နိုင်တော့လို့ တိကျတဲ့ အချိန်သတ်မှတ်ပြီး ကွန်ပျူတာကို ဘယ်ဆော့ဖ်ဝဲ အကူအညီမှ မလိုဘဲ ပိတ်နိုင်တဲ့ နည်းရှိပါတယ်။(၁) ဝင်းဒိုးစ်မှ Start Button ကို နှိပ်ပြီး Run ကိုရွေးပါ။ ဒါမှမဟုတ် ကီးဘုတ်မှ Window+R ကိုနှိပ်ပါ။
(၂) Dialog Box ကျလာတဲ့အခါ shutdown.exe -s -t xxxx ကို ရိုက်ထည့်ပြီး ok နှိပ်လိုက်ပါ။
ဒီနေရာမှာ xxxx ဟာ ကွန်ပျူတာပိတ်ဖို့ အချိန်စက္ကန့်တန်ဖိုးကို ရည်ညွှန်းပါတယ်။ ဥပမာအားဖြင့် 1800 လို့ ရိုက်လိုက်တဲ့အခါ ကွန်ပျူတာဟာ အခုအချိန်က စလို့ နောက်စက္ကန့်ပေါင်း ၁၈၀၀ (မိနစ် ၃၀) ကြာရင် လက်ရှိ ဖွင့်ထားတဲ့ Application တွေကို ထိခိုက်မှု မရှိစေဘဲ ကွန်ပျူတာကို ပိတ်ပေးနိုင်ပါလိမ့်မယ်။
(၃) Ok နှိပ်ပြီးတဲ့အခါမှာ ကွန်ပျူတာကို ပိတ်ပေးမယ့် အချိန်ကို ပြသတဲ့ Message Box ကျလာပါလိမ့်မယ်။
(၄) Auto Shutdown လုပ်ဖို့ ကွန်ပျူတာကို ခိုင်းစေပြီးတဲ့အခါ စိတ်ပြန်လည်လာလို့ စောစောက ပေးထားတဲ့ Command ကို ပြန်ဖျက်ချင်တယ်ဆိုရင် Run Box မှာပဲ shutdown.exe -a ပြန်ရိုက်ထည့်ပြီး Ok လိုက်ပါ။ ဒီနည်းလမ်းဟာ ကွန်ပျူတာကို အော်တို ပိတ်ပစ်နိုင်တဲ့ ဗိုင်းရပ်စ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း အသုံးဝင်ပါတယ်။
Ref:The Flower News

Subscribe to:
Posts (Atom)